လာမီလာကို ခေါ်ယူရန် စပါးသဘောတူညီမှု ရရှိ ~ ချီရီချက်စ်နှင့် အဲရစ်ခ်ဆန်တို့ကိုလည်း ချိတ်ဆက်နေဆဲ
By kyawswaraung on အားကစား from www.soccermyanmar.com
ဂါရတ်သ်ဘေးလ်ကို လက်လွတ်ခံရန် နီးစပ်လာသလို တော့တင်ဟမ် ဟော့စပါး အသင်းသည် ကစားသမားသစ် (၃)ဦးကို ပြန်လည် ဝယ်ယူရန် ဆက်လက် ညှိနှိုင်းလုပ်ဆောင်နေဆဲ ဖြစ်သည်။ယခုအခါ ရိုးမား အသင်း၏ တိုက်စစ်မှူး အဲရစ်ခ် လာမီလာကို ပေါင်စတာလင် သန်း(၃၀)ဖြင့် ခေါ်ယူရန် စပါးက ညှိနှိုင်းအဆင်ပြေသွားပြီဟု သတင်းများက ဖော်ပြခဲ့သည်။ ရိုးမားသည် အသက်(၂၁)နှစ်သာ ရှိသေးသည့် ကစားသမားကို ပေါင်စတာလင် (၂၆)သန်း ကနဦးပေးချေ ခေါ်ယူပြီး စွမ်းဆောင်ရည်အလိုက် အပိုဆောင်း ပေါင်စတာလင် (၄)သန်း ပေးချေကာ ခေါ်ယူသွားမည်ဟု သိရသည်။ လာမီလာ၏ ပြောင်းရွှေ့ကြေးသည် စပါးအတွက် ကလပ်စံချိန်သစ် ဖြစ်လာပြီး ယခုနွေရာသီတွင် ဝယ်ယူထားသည့် ပေါင်စတာလင် (၂၆)သန်းတန် ရောဘတ်တို ဆိုလ်ဒါဒို၊ ပေါင်စတာလင် (၁၇)သန်းတန် ဆိုလ်ဒါဒိုတို့ထက် သာလွန်သွားမည် ဖြစ်သည်။