လီဗာပူးလ်နှင့် ပွဲသည် အကြိတ်အနယ်ရှိသည့် ပွဲဖြစ်လာနိုင်ကြောင်း ဗီဒစ်နှင့် ဝဲဘက်ခ် ပြောကြား
By mohmohkhin on အားကစား from www.soccermyanmar.com
တနင်္ဂနွေနေ့တွင် အန်ဖီးလ်၌ ယှဉ်ပြိုင်ကစားရမည့် ပွဲသည် အကြိတ်အနယ်ရှိသည့် ပွဲတစ်ပွဲ ဖြစ်လာနိုင်ကြောင်းနှင့် အဆိုပါပွဲအတွက် မန်ချက်စတာယူနိုက်တက်မှ ကစားသမားအားလုံး အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း နီမန်ဂျာ ဗီဒစ်နှင့် ဒန်နီ ဝဲဘက်ခ်တို့က ပြောကြားခဲ့သည်။ယူနိုက်တက်သည် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်၏ လက်အောက်တွင် ပရီးမီးယားလိဂ် ပွဲစဉ် နှစ်ပွဲ ကစားထားပြီး လေးမှတ် ရရှိထားသည်။ ယူနိုက်တက်သည် တတိယမြောက် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ခါးသီးလှသည့် ပြိုင်ဘက် လီဗာပူးလ်နှင့် အန်ဖီးလ်ကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဝဲဘက်ခ်က “Nike ကလုပ်တဲ့ ပွဲတစ်ပွဲမှာ စတားရစ်ခ်ျနဲ့ တွေ့ခဲ့ပြီး ကျွန်တော်တို့ သွင်းယူခဲ့တဲ့ ဂိုးတွေအကြောင်း ပြောဖြစ်ခဲ့ပါတယ်။ အန်ဖီးလ်မှာ သူနဲ့ ရင်ဆိုင်ကစားရမယ့် ပွဲကို မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီ” ဟု အသင်း၏ ဝက်ဘ်ဆိုက်ထံ ပြောကြားခဲ့သည်။