ဒေါ်နော်အုန်းလှအား ထောင်ဒဏ် (၂) နှစ် ချမှတ်လိုက်ပြီ
By suwatisoe on နိုင်ငံရေး from news.yatanarpon.com.mm
ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒေါ်နော်အုံးလှဟာ ရန်ကုန်မြို့မှာ လူထုလှုပ်ရှားမှုများဖြစ်တဲ့ ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဆန္ဒဖေါ်ထုတ်မှု၊ လယ်ယာမြေ သိမ်းဆည်းမှု ဆန္ဒဖေါ်ထုတ်မှု၊ အခြားသော ဆန္ဒဖေါ်ထုတ်မှုများတွင် ဦးဆောင်ပါဝင် လှုပ်ရှားခဲ့ပြီး လွန်ခဲ့တဲ့ ကိုးလခန့်ကစပြီး ရန်ကုန်မြို့မှာ လက်ပံတောင်းတောင် အရေးကိစ္စ ဆန္ဒထုတ်ဖော်ထုတ်မှုတွင်လည်း ဦးဆောင်ပါဝင်လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်ပါတယ်။
အဆိုပါ ဒေါ်နော်အုံးလှဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က မုံရွာမြို့မှာ လက်ပံတောင်းတောင် အရေးကိစ္စကို ပြန်လည်ပြီး ဆန္ဒ ဖေါ်ထုတ်ခဲ့မှုကြောင့် မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ မုံရွာ အကျဉ်းထောင်မှာ ထိန်းသိမ်းထားရာက ဒီကနေ့ နံနက် ၁၀ နာရီက မုံရွာ အကျဉ်းထောင်ကနေ မုံရွာမြို့နယ် တရားရုံးကို တရားရင်ဆိုင်ဖို့အတွက် တရားရုံးက ထုတ်ခဲ့ပြီးနောက်မှာ နံနက် ၁၁ နာရီခွဲမှာ ဒေါ်နော်အုံးလှကို နိုင်ငံတော်ကို အသရေ ဖျက်မှု၊ ဆူပူလှုံ့ဆော်မှု ဖြစ်စေရန်နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု ထိပါးနှောက်ယှက်စေသော ပြုမူပြောဆို လှုပ်ရှားဆောင်ရွက်မှု၊ လူတစ်ဦးချင်းသော်လည်းကောင်း၊