မလေးရှားရောက် မြန်မာ ၄၅၀၀၀ UNHCR ကဒ်ပြားရရှိကြမည်
By suwatisoe on အထွေထွေ from news.yatanarpon.com.mm
မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် လျှောက်ထားသူတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ ဒုက္ခသည် အသိအမှတ်ပြု သက်သေ အထောက်အထားတွေကို လာမယ့် စက်တင်ဘာလ ၂ ရက် နေ့ကနေ ၂၀၁၄ ခုနှစ် ဇန်နဝါရီလအထိ နေရာ ၇ နေရာခွဲပြီး စတင်ထုတ် ပေးတော့မယ်လို့ သိရပါတယ်။
ကွာလာလမ်ပူမြို့ Chinese Assembly Hall မှာ ဒီလအတွက် ၈ ရက်နေ့ကကျင်းပတဲ့ UNHCR အရာရှိတွေနဲ့ မြန်မာဒုက္ခသည် တိုင်းရင်းသား အဖွဲ့အစည်းတွေ တွေ့ဆုံပွဲမှာ အခုလို ထုတ်ပြောတာ ဖြစ်ကြောင်း မလေးရှားရောက် ချင်းလူမျိုး ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဆလိုင်းကျော်ကျော်က ပြောပါတယ်။