ရီးယဲလ်မှ ထွက်ခွာလိုကြောင်း ကာကာဝန်ခံ
By suwatisoe on အားကစား from news.yatanarpon.com.mm
ရီးယဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား ရီကာဒို ကာကာအနေဖြင့် အသင်းမှ ထွက်ခွာရန် အသင့်ရှိနေပြီဟု သိရှိရသည်။ ဘရာဇီးလ် လက်ရွေးစင်ဟောင်း ကာကာသည် (၂၀၀၉) ခုနှစ်က (ထိုစဉ်က) ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၅၆) သန်းဖြင့် အေစီမီလန်မှ ရီးယဲလ်သို့ ကူးပြောင်းလာခဲ့သည်။ သို့သော်လည်း ဘာနေဗျူးတွင် ဒဏ်ရာဖိစီးမှုများကြောင့် အခြေမကျ ဖြစ်ခဲ့သလို ဂျာမန်လက်ရွေးစင် မီဆွတ်အိုဇေးလ်၏ နေရာကို ကျော်လွန်နိုင်ခြင်း မရှိခဲ့ချေ။ ယခုနွေရာသီတွင် ရီးယဲလ်သို့ ကွင်းလယ် တိုက်စစ် ကစားသမား အစ္စကိုပါ ထပ်မံရောက်ရှိလာသည့်နောက် ကာကာအတွက် ပွဲထွက်ခွင့် မျှော်လင့်ချက်သည် အကန့်အသတ် ပိုမိုကြီးမားလာခဲ့သည်။