ဘေးလ်အပြောင်းအရွှေ့ ကြန့်ကြာနေမှုအတွက် စပါးကို ရီးယဲလ် ဒုဥက္ကဋ္ဌ ဝေဖန်
By suwatisoe on အားကစား from news.yatanarpon.com.mm
ဂါရတ်သ်ဘေးလ်၏ အပြောင်းအရွှေ့ကိစ္စ မပြီးပြတ်နိုင်ဘဲ ကြန့်ကြာနေခြင်းနှင့် ပတ်သက်ပြီး တော့တင်ဟမ် ဟော့စပါးကို ရီးယဲလ်မက်ဒရစ် အသင်းက ပြစ်တင်လိုက်ကြောင်း သိရသည်။ အသက် (၂၄) နှစ်ရှိ ဝေလလက်ရွေးစင် ဘယ်တောင်ပံ တိုက်စစ်သမားသည် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၆) သန်းဖြင့် ဘာနေဗျူးသို့ ရောက်လာမည်ဟု သတင်းကြီးနေသည်။ ဘေးလ်သည် စပိန်သို့ ရောက်ရှိနေခဲ့သလို စပါးနှင့် လေ့ကျင့်ခန်း မဆင်းသည်မှာ (၃) ရက် ကြာနေပြီ ဖြစ်သည်။ ထို့အပြင် အသင်းက အပြောင်းအရွှေ့ ကိစ္စနှင့် ပတ်သက်ပြီး ပြတ်ပြတ်သားသား မဆုံးဖြတ်သေးသည်ကို ဘေးလ်ကိုယ်တိုင်က စိတ်အနှောင့်အယှက် ဖြစ်နေကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့သည်။