နေပြည်တော် ဘောလုံးအသင်း စပိန်သို့ အလည်အပတ် ခရီးသွားမည်

By marlarnyein on from news.yatanarpon.com.mm

၂၀၁၃ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် အဆင့် ၂ ရရှိခဲ့ပြီး လာမည့် AFC Cup ပြိုင်ပွဲဝင်ခွင့် ရရှိထားသည့် နေပြည်တော်အသင်းမှ ကစားသမားများအား စပိန်နိုင်ငံသို့ အလည်အပတ်ခရီး ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သတင်းရရသည်။ “နေပြည်တော်အသင်း ဥက္ကဋ္ဌက ၂၀၁၃ မြန်မာလိဂ်ပြိုင်ပွဲမှာ အသင်းအနေနဲ့ အဆင့် (၁) ကနေ (၃) အတွင်း ရပ်တည်နိုင်မယ်ဆိုရင် ဥရောပခရီးစဉ် ပို့ပေးမယ်လို့ ကတိပေးထားတာ ရှိပါတယ်။ ဒါကြောင့် စပိန်နိုင်ငံကို အလည်အပတ် ပို့ပေးဖို့ စီစဉ်ခြင်း ဖြစ်ပါတယ်” ဟု နေပြည်တော်အသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးသီဟက ပြောသည်။
၁၀ ရက်ကြာမြင့်မည့် အဆိုပါ စပိန်ခရီးစဉ်ကို လာမည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း သွားရောက်ရန် စီစဉ်ထားပြီး အသင်းဥက္ကဋ္ဌ အပါအဝင် အုပ်ချုပ်နည်းပြ ကစားသမား စုစုပေါင်း ၃၀ ဝန်းကျင်ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ “နေပြည်တော်အသင်းရဲ့ စပိန်ခရီးစဉ်မှာ ရီးရဲမက်ဒရစ် ဘောလုံးအသင်းရဲ့ ဘာနေဗျူးကွင်းနဲ့ ဘာစီလိုနာ အသင်းရဲ့ နူးကမ့်ဘောလုံးတွေကိုလည်း သွားရောက်လေ့လာမှာပါ” ဟု ဦးစိုးသီဟက ပြောသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 5
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!