အမျိုးသမီးများကို ကာကွယ်သည့် ဥပဒေ ဆော်ဒီတွင် ပထမဆုံးအကြိမ် ပြဋ္ဌာန်း

By nyomyint on from news.yatanarpon.com.mm

ဆော်ဒီအာရေဗျ နိုင်ငံတွင် အမျိုးသမီးများ အတွက် ဥပဒေကြောင်းအရ အကာအကွယ်ပေးမည့် ပြည်တွင်း ဥပဒေ တစ်ရပ်ကို ပထမဆုံးအကြိမ် ပြဋ္ဌာန်းလိုက်ကြောင်း သိရှိရသည်။ လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက အရှေ့အလယ်ပိုင်း ဒေသရှိ ဩဇာကြီးမားသော နိုင်ငံအတွင်း ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီးများ၊ ကလေးငယ်များနှင့် ပြည်တွင်း လုပ်သားများကို အကြမ်းဖက်မှုမှ အကာအကွယ်ပေးမည့် ဥပဒေကြမ်း တင်သွင်းမှုကို ယခုအခါ အတည်ပြု လက်ခံလိုက်ပြီဟု ပြောကြားသွားသည်။ အနိုင်ကျင့် ညှင်းပမ်းမှုမှ ကာကွယ်ရေး ဥပဒေဟု အမည်ပေးထားသော ပြဋ္ဌာန်းချက်သည် ဘာသာရေး စောင့်ထိန်းမှု ပြင်းထန်လွန်းသည့် နိုင်ငံအတွင်း ထူးခြားသော အပြောင်းအလဲ တစ်ရပ် အဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။အစိုးရအဖွဲ့သည် ဩဂုတ်လ (၂၆) ရက်နေ့က အဆိုပါ ဥပဒေအတွက် နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် လပေါင်းအတန်ကြာ စောင့်ဆိုင်းခဲ့ရသည့် ဥပဒေကို အတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။ ဒေသတွင်း ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးသမီးများ အနိုင်ကျင့် စော်ကားခံရမှုကို တိုက်ဖျက်ရန် လှုပ်ရှားမှု တစ်ခုကို ဆော်ဩခဲ့ပြီးနောက် ယခုဥပဒေအတွက် စဉ်းစားလာခြင်း ဖြစ်သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 3
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!