လိင်တူ စုံတွဲများ ပထမဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Tango ကမ္ဘာ့ချန်ပီယံရှစ်

By nyomyint on from news.yatanarpon.com.mm

အာဂျင်တီးနား နိုင်ငံတွင် ကျင်းပပြုလုပ်သည့် Tango အက ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲတွင် ထူးထူးခြားခြား အခြေအနေ တစ်ရပ်အဖြစ် လိင်တူ စုံတွဲအချို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ဗျူနိုအေးရီးစ်မြို့ရှိ လူနာပါ့ခ် အားကစားရုံကြီးတွင် ကျင်းပသော ပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံ (၃၇) ခုမှ စုံတွဲ (၅၀၀) ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် အများ မျှော်လင့်ထားသည့်အတိုင်း အိမ်ရှင် အာဂျင်တီးနားမှ စုံတွဲများပင် အကောင်းဆုံး အက အရည်အသွေးများဖြင့် အောင်ပန်းဆင်နိုင်ခဲ့ကြသည်။ ဂျက်ဆီကာ အာဖန်နိုနီနှင့် မက်စီမီလီယာနို ခရစ္စတီယာနီတို့ စုံတွဲသည် အကောင်းဆုံး အကအလှများဖြင့် ဒိုင်များ၏ အံ့ဩချီးကျူးမှုကို ရယူနိုင်ခဲ့ပြီး Salon Tango ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည်။ချန်ပီယံရှစ်တွင် Salon Tango နှင့် Stage Tango ဟု ပြိုင်ပွဲအမျိုးအစား နှစ်ခု ခွဲခြားကျင်းပပြီး Stage Tango တွင်လည်း အာဂျင်တီးနား စုံတွဲဖြစ်သည့် ဂွီဒိုပလာစီယို့စ်နှင့် ဖလိုရန်စီယာ ကက်စ်တီလာတို့က အောင်ပွဲခံခဲ့သည်။ ယခုဗိုလ်စွဲသူများသည် ပေါင်စတာလင် (၄၅၀၀) စီ ဆုကြေး ချီးမြှင့်ခံရပြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်သို့ သွားရောက် ဖျော်ဖြေခွင့်လည်း ရရှိခဲ့ကြသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 3
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!