လန်ဒန်မြို့မှ နော့တင်ဟေးလ် ကာနေဗယ်လ် ပွဲတော်

By jackiekyaw on from news.yatanarpon.com.mm

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ ကန်ဆင်တန်နှင့် ချယ်လ်ဆီး အရပ်ရှိ လမ်းမများပေါ်တွင် နှစ်စဉ် ပြုလုပ်မြဲဖြစ်သည့် နော့တင်ဟေးလ် ကာနေဗယ်လ် ပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပွဲတော်ကို (၁၉၆၆) ခုနှစ် ကတည်းက ပုံမှန် ကျင်းပလာခြင်း ဖြစ်သည်။ နော့တင်ဟေးလ် ကာနေဗယ်လ်သည် လူအများ လမ်းပေါ်ထွက်လာကာ ကျင်းပကြသည့် ဥရောပ၏ အကြီးဆုံး ပွဲတော်တစ်ခုလည်း ဖြစ်သည်။ ယခုနှစ်တွင်မူ (၂) ရက်ကြာ အချိန်သတ်မှတ် ကျင်းပခဲ့သည်။ ကာရေဘီယန် ဒေသတွင် ခေတ်စားသည့် ကာနေဗယ်လ် ပွဲတော်များကဲ့သို့ပင် လှပဆန်းကျယ်စွာ တောက်တောက်ပြောင်ပြောင် တန်ဆာဆင်ထားသော ဘီကနီများ၊ ငှက်မွှေးငှက်တောင်နှင့် အလှဆင်ထားသည့် ဖက်ရှင်များ၊ ထူးထူးဆန်းဆန်း ဝတ်စားဆင်ယင်ပုံများနှင့်အတူ လူအများအပြား လမ်းပေါ် လှည့်လည် ကပြကြသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 4
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!