ကာယဗလချန်ပီယံ၊ ရုပ်ရှင်မင်းသားနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး အာနိုးဆွာဇီနက်ဂါ
By jackiekyaw on အထွေထွေ from www.7daynewsjournal.com
အာနိုးအလွိုက်ဇ်ဆွာဇီနက်ဂါသည် သြစကြီးယားဖွား အမေရိကန်နိုင်ငံသား၊ ဆုကြေးစားကာယဗလသမား၊ ရုပ်ရှင်မင်းသား၊ စီးပွားရေးသမား၊ ရင်းနှီးမြှုပ်နှံသူ နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ ၂၀၀၃ မှ ၂၀၁၁ ခုနှစ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့သည်။အာနိုးကို သြစကြီးယားနိုင်ငံ ဂရပ်စ်မြို့ ရွာလေးတစ်ရွာတွင် ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၃၀ ရက်က မွေးဖွားခဲ့သည်။ ရဲတပ်ဖွဲ့အကြီးအကဲ၊ အမူးသမား တစ်ချိန်က နာဇီပါတီဝင်ဖြစ်သူ ဖခင်နှင့် အစ်ကိုတစ်ဦးတို့နှင့်အတူ ကြီးပြင်းခဲ့သည်။ အစ်ကိုဖြစ်သူကို ပို၍အရေးပေးသော ဖခင်နှင့်နေခဲ့ရသော အာနိုးသည် အသက် ၁၅ နှစ်အရွယ်တွင် စတင်၍ ကာယဗလလိုက်စားခဲ့ပြီး သမိုင်းတွင် အကောင်းဆုံးကာယဗလသမားတစ်ဦးဖြစ်ရန် ရည်မှန်းခဲ့သည်။