မဲခေါင်မြစ်နှင့် လူသန်း ၆၀ အရေး

By jackiekyaw on from www.7daynewsjournal.com

ကမ္ဘာပေါ်တွင် ၁၂ စင်းမြောက် အရှည်လျားဆုံးဖြစ်သော ခမ်းနားလှသည့် မဲခေါင်မြစ်မှာ မိသားစုပေါင်းများစွာ၊ ဆွေစဉ်မျိုးဆက်ပေါင်းများစွာ၏ စားဝတ်နေရေးကို ပြေလည်စေခဲ့သည်။ သို့သော် ယခုအခါ မဲခေါင်မြစ်ငါးဖမ်းသမားများမှာ ၎င်းတို့ပိုက်ကွန်တွင် ငါးမထိမငြိသည်ကို မကြာခဏ ကြုံတွေ့လာကြရပြီး မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်ဆည်ကြီးများက ၎င်းတို့၏ စားဝတ်နေရေးလုပ်ငန်းများကို ဖျက်ဆီးပစ်မည်ကို စိုးရိမ်နေကြသည်။
ပတ်ချိုင်ဝမ်တစ်ယောက် ထိုင်းနိုင်ငံမြောက်ပိုင်း မဲခေါင်မြစ်ပေါ်တွင် ငါးဖမ်းနေသည်မှာ နှစ်ပေါင်းသုံးဆယ်ရှိပါပြီ။ သို့သော် ငါးအမိများသောရက်များ တဖြည်းဖြည်းရှားပါးလာသည်။ “တချို့ရက်တွေ ငါးမိတယ်။ တချို့ရက်တွေမှာ တစ်ကောင်မှမရဘူး”ဟု အသက်(၆၇)နှစ်အရွယ် ငါးဖမ်းသမားကြီးက ညည်းတွားပါသည်။ မစ္စတာပတ်ချိုင်မှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ် ၀မ်ကိန်းဒေသနေ နှစ်ဒါဇင်ခန့်ရှိသော ငါးဖမ်းသမားများထဲမှ တစ်ဦးဖြစ်သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!