ချောင်ယွန်ဖက်သည် မိမိအတွက် ဆရာတစ်ဆူ ဖြစ်ကြောင်း ဟောင်ရှောင်မင် ပြောကြား
By kokopaing on ဖျော်ဖြေရေး from www.myawady.com.mm
အသက် ၃၅ နှစ် အရွယ်ရှိပြီ ဖြစ်သည့် ဟောင်ရှောင်မင်သည် The Return Of The Condor Heroes ရုပ်သံ ဇာတ်လမ်းတွဲတွင် စတင် သရုပ်ဆောင် ခဲ့ပြီး မင်းသား ချောင်ယွန်ဖက်နှင့် အတူ The last Tycoon ဇာတ်ကားတွင် တွဲဖက် သရုပ်ဆောင် ခဲ့သူဖြစ်သည်။ချောင်ယွန်ဖက်သည် သရုပ်ဆောင် ပိုင်းနှင့် ပတ်သက်၍ မိမိကို သင်ကြား ပြသပေးသူ ဖြစ်ကြောင်း၊ ချောင်၏ သင်ကြားပြသ ပေးမှုကြောင့် မိမိသည် သရုပ်ဆောင် ပိုင်းတွင် ပိုမိုတိုးတက် လာခဲ့ကြောင်း ဟောင်ရှောင်မင်က ပြောကြားခဲ့သည်။ဟောင်သည် The last Tycoon ဇာတ်ကားတွင် ချောင်၏ ငယ်ဘ၀ကို သရုပ်ဆောင်ရ သော်လည်း ၎င်းကဲ့သို့ ထူးချွန်စွာ သရုပ်ဆောင် နိုင်ခြင်း မရှိကြောင်း၊ ဟောင်အား စိတ်ကို ဖြေလျှော့၍ သရုပ်ဆောင်တတ် စေရန် ချောင်ကသင်ကြား ပေးတတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။