ထူးဆန်းသော မတော်တဆမှု ဖြစ်ရပ်ကြောင့် ဟီဂူအင် မျက်နှာဒဏ်ရာ ရရှိ
By zawminnaing on အားကစား from news.yatanarpon.com.mm
နာပိုလီ တိုက်စစ်မှူး ဟီဂူအင်သည် ထူးဆန်းသော မတော်တဆမှု ဖြစ်ရပ်ကြောင့် မျက်နှာ၌ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်က စီးရီးအေ အဖွင့်ပွဲစဉ်အပြီး နောက်တစ်ရက် နားရက်ရရာ၌ ဟီဂူအင်သည် ကက်ရီကျွန်းသို့ ရွက်လှေနှင့် အလည်အပတ် ခရီး သွားရောက်ခဲ့သည်။ ကျွန်းသို့အရောက် ရွက်လှေပေါ်မှ အဆင်းတွင် ဟီဂူအင်သည် ကျောက်ဆောင်ပေါ်မှ ချော်ကျကာ မျက်နှာ၌ ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်သည်။ မေးရိုးတစ်ဝိုက် ထိခိုက်သွားခဲ့ခြင်းဖြစ်ပြီး ၁၀ ချက် ချုပ်ရန် လိုအပ်ကြောင်း သို့သော်လည်း ဒဏ်ရာ ပြင်းထန်ခြင်း မရှိကြောင်း နာပိုလီကလပ်နှင့် နီးစပ်သော သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။ထို့ကြောင့် ကယ်ရီကျွန်းမှ ဆေးရုံတစ်ခုသို့ ဟီဂူအင်အား တင်ပို့ခဲ့ရပြီး ၁၀ ချက် ချုပ်ခဲ့ရကြောင်း ယင်းအနက် ချုပ်ချက် ၈ ချက်မှာ မေးရိုးတစ်ဝိုက်၌ ဖြစ်ကြောင်း သိရသည်။