အာဆင်နယ်၏ အပြောင်းအရွှေ့ ကိစ္စရပ်များအတွက် ညှိနှိုင်းရေးမှူးချုပ် လန်ဒန်သို့ ရောက်ရှိ
By zawminnaing on အားကစား from news.yatanarpon.com.mm
ယခုနှစ် ဘောလုံးရာသီ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ပိတ်သိမ်းရန် ရက်ပိုင်းအလိုတွင် အာဆင်နယ်အသင်း၏ ကစားသမား ခေါ်ယူရန် ကြိုးပမ်းမှုများ အကောင်အထည်ဖော်ရန်အတွက် စေ့စပ်ညှိနှိုင်းရေးမှူးချုပ် ဖြစ်သူ လန်ဒန်မြို့သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။အာဆင်နယ်အသင်း၏ ညှိနှိုင်းရေးမှူးချုပ် ရစ်ချတ်လောသည် ယခုနှစ်နွေဈေးကွက် အပြောင်းအရွေ့ ပိတ်သိမ်းရန် ၇ ရက်အလိုတွင် အာဆင်နယ် ကလပ်ရုံးချုပ် တည်ရှိရာ လန်ဒန်မြို့သို့ ရောက်ရှိလာခဲ့သည်။ အမေရိကန်လူမျိုး ရစ်ချတ်လောသည် စပိန်နှင့် ပေါ်တူဂီစကား ပြောဆိုနိုင်သူဖြစ်ပြီး တောင်နှင့် ဗဟို အမေရိကတွင် အာဆင်နယ်အသင်း၏ ကင်းထောက်လုပ်ငန်းကို အကြံပေးအဖြစ် လည်းကောင်း၊ အာဆင်နယ် အမှုဆောင်ချုပ် အီဗန်ဂါဇီဒစ်၊ ကလပ်အတွင်းရေးမှူး ဒေးဗစ်မိုင်းစ်တို့မှ ကစားသမားများနှင့် စာချုပ် ချုပ်ဆိုရာတွင် တွဲဖက် လုပ်ကိုင်သူအဖြစ်လည်းကောင်း ဆောင်ရွက်နေသည်။ သတင်းအရ ရစ်ချတ်လောမှာ တာဝန်နှစ်ရပ်ရှိပြီး ယင်းမှာ အသင်းနှင့်အတူ လာရောက် လေ့ကျင့်နေသော ကစားသမားဟောင်း ဖြစ်သည့် ဖလာမီနီအား စာချုပ်ခေါ်ယူရန်၊ အာဆင်နယ်၏ ပစ်မှတ်ကစားသမားများ ခေါ်ယူရန် ကြိုးပမ်းမှုတွင် ညှိနှိုင်းဆောင်ရွက်ပေးရန်တို့ ဖြစ်ကြောင်း သိရသည်။