သမထကျင့်စဉ်နှင့် နေ့စဉ် အကျွမ်းတဝင်ရှိကြောင်း ကေတီပယ်ရီ ပြောကြား

By zawminnaing on from news.yatanarpon.com.mm

သမထကျင့်စဉ်ဖြင့် တရားထိုင်မှုမျိုးကို မနက်တိုင်း ပုံမှန် ပြုလုပ်လေ့ရှိကြောင်း ကေတီပယ်ရီက ထုတ်ဖော် ပြောကြားလိုက်သည်။ အသက် (၂၈) နှစ်ရှိ Pop ဂီတစတား အဆိုတော်က သူမသည် အိန္ဒိယရိုးရာ ရှေးဟောင်းကျင့်စဉ်ကို စွဲစွဲမြဲမြဲ ကျင့်သုံးခဲ့ကြောင်း ဆိုသည်။ မိနစ် (၂၀) မျှ တရားမှတ် သမထထိုင်ခြင်းဖြင့် စိတ်ကို ကြည်လင်စေပြီး နံနက်တိုင်း ယင်းကဲ့သို့ လုပ်ဆောင်မှုဖြင့် အစပြုပြီးမှ လုပ်ငန်းခွင် ဝင်ကြောင်း ကေတီက ရှင်းပြခဲ့သည်။ "ကျွန်မရဲ့ စိတ်အတွက် တကယ်တမ်း အနားရနိုင်တာ အဲဒီအချိန်ပဲ ရှိတယ်လေ။ ကျွန်မ အိပ်ပျော်နေရင် မသိစိတ်က လှုပ်ရှားနေတာပဲ။ ကျွန်မ နိုးထနေချိန်မှာ အာရုံများနေတာပဲ မဟုတ်လား" ဟု ကေတီက ဆိုသည်။
Roar စတား အဆိုတော်က သူမသည် လန်းဆန်းနိုးကြားစေရန်မတွက် မွန်းလွဲပိုင်း အချိန်များတွင် ဗီတာမင် အားဖြည့်ဆေးများ မှီဝဲလေ့ ရှိကြောင်းလည်း ဝန်ခံခဲ့သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 7
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!