ကိုယ့်ပုံကိုယ် နှစ်သက် သဘောကျနေတာလား
By zawminnaing on ဖျော်ဖြေရေး from news.yatanarpon.com.mm
မန်ယူ တောင်ပံကစားသမားကြီး ရိုင်ယန်ဂစ်နဲ့ ငြိစွန်းခဲ့တဲ့ ဝေလ အလှမယ်ဟောင်း အီမိုဂျင်သောမတ်ကို စာဖတ်သူများ မှတ်မိ သိရှိကြမယ် ထင်ပါတယ်။ အီမိုဂျင်ဟာ ရိုင်ယန်ဂစ်နဲ့ ငြိစွန်းမှု လူသိရှင်ကြား ဖြစ်သွားပြီးနောက် လက်ရှိအချိန်မှာတော့ အဒမ်ဟောစလေနဲ့ ချစ်ကြိုက်တွဲခုတ်ကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကပဲ သမီးမိန်းကလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက် ညနေခင်းမှာ အီမိုဂျင်ကို သူငယ်ချင်းမိတ်ဆွေ တစ်ဦးနဲ့အတူ အိမ်ကို လမ်းအတူလျှောက်ပြန်တာကို တွေ့ခဲ့ရပါတယ်။ အီမိုဂျင်ဟာ လမ်းလျှောက်နေရင်းနဲ့ လက်ထဲမှ မဂ္ဂဇင်းတစ်အုပ်ကို အငမ်းမရ ဖတ်ရှုနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ အီမိုဂျင် ကြည့်ရှုနေတဲ့ မဂ္ဂဇင်းဟာ သူမရဲ့ ကောက်ကြောင်းအလှတွေကို ရေကူးဝတ်စုံလေးနဲ့ မလုံတလုံဖုံးပြီး ဖော်ပြထားတဲ့ မဂ္ဂဇင်းပဲ ဖြစ်ပါတယ်။ အီမိုဂျင်ဟာ လမ်းလျှောက်ရင်းနဲ့ သူမရဲ့ မလုံ့တလုံ ပုံတွေကို ကြည့်ရှုလာခဲ့တာ ဖြစ်ပါတယ်။