Asia Wings ရှယ်ယာများကို ဂျပန် ANA လေကြောင်းလိုင်း ဝယ်ယူ
By zawminnaing on စီးပွားရေး from news.yatanarpon.com.mm
ဂျပန်နိုင်ငံ၏ All Nippon Airways (ANA) သည် မြန်မာနိုင်ငံရှိ လေကြောင်း ကုမ္ပဏီ တစ်ခု၏ ရှယ်ယာ ထက်ဝက်နီးပါးကို ဝယ်ယူသွားမည်ဟု ပြောကြားခဲ့သည်။ Asia Wings Airways (AWA) ၏ ရှယ်ယာ (၄၉) ရာခိုင်နှုန်းကို ANA က လက်လွှဲ ဝယ်ယူမည် ဖြစ်ပြီး ယင်းသည် အရှေ့တောင်အာရှ ဒေသ၏ လေကြောင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် လျင်မြန်စွာ တိုးတက် ဖြစ်ထွန်းလာသည့် အလားအလာ တစ်ရပ်ဟုလည်း ရှုမြင်နိုင်မည် ဖြစ်သည်။ "ANA အနေနဲ့ AWA ရဲ့ ပိုင်ဆိုင်မှု နယ်ပယ်ကဏ္ဍမှာ ဒေါ်လာ (၂၅) ဘီလျံလောက် ထည့်ဝင် မြှုပ်နှံသွားပါမယ်။ ဒါဟာ ကုမ္ပဏီကြီးရဲ့ မဟာဗျူဟာမြောက် နိုင်ငံတကာ ဈေးကွက်ချဲ့ထွင်မှု တစ်ခုလည်း ဖြစ်ပါတယ်" ဟု ANA ၏ မိခင်လုပ်ငန်းစုဖြစ်သော ANA Holdings က ကြေညာခဲ့သည်။"ခုရင်းနှီးမြှုပ်နှံမှုရဲ့ အစိတ်အပိုင်း တစ်ရပ်အဖြစ် ANA ဟာ AWA ရဲ့ ဝန်ဆောင်မှု နယ်ပယ်နဲ့ စွမ်းဆောင်ရည် ကဏ္ဍတွေမှာ ပိုပြီး တိုးတက် ဖွံ့ဖြိုးလာအောင် ကူညီသွားမှာပါ။ နောက်ပြီး AWA ရဲ့ မြန်မာနိုင်ငံ ပြင်ပထိ ဈေးကွက် ချဲ့ထွက်မှုတွေမှာလည်း အထောက်အကူ ပေးသွားမှာပါ" ဟုလည်း ANA Holdings က ဆိုသည်။