အတိုက်အခံများကို ဖိနှိပ်မည် မဟုတ်ဟု မူဂါဘီဆို
By zawminnaing on နိုင်ငံတကာ from news.yatanarpon.com.mm
ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီက မိမိအနေဖြင့် အတိုက်အခံ ရပ်တည်သူများကိုပါ နွေးထွေးစွာ ကြိုဆိုရန် အသင့်ရှိနေကြောင်း ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် လပိုင်းက မူဂါဘီ အနေဖြင့် ဇင်ဘာဘွေ ရွေးကောက်ပွဲတွင် ပြန်လည် အနိုင်ရရှိခဲ့သော်လည်း ၎င်းအနေဖြင့် မဲလိမ်မှု၊ မဲခိုးမှုများ ရှိခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။ ထိုစဉ်က မူဂါဘီသည် တင်းတင်းမာမာ စကားများဖြင့် တုံ့ပြန်ခဲ့သော်လည်း ယခုအခါတွင်မူ အတိုက်အခံများကို လက်ကမ်းသည့် ရှင်းလင်း ကြေညာချက် တစ်ခု ပေးပို့လာခြင်း ဖြစ်သည်။ မူဂါဘီသည် ရွေးကောက်ပွဲ ကာလအတွင်းက ၎င်း၏ ဇာနူ PF ပါတီကို ဆန့်ကျင်ခဲ့သည့် ဟာရာရီနှင့် ဘူလာဝါယိုတို့မှ ဒေသခံများကို ခြိမ်းခြောက်မှုအချို့ ပြုလုပ်ခဲ့ဖူးသော်လည်း ယခုတစ်ဖန် လေသံ ပြောင်းလာခြင်း ဖြစ်သည်။ အဆိုပါ မြို့များသည် မူဂါဘီ၏ အဓိက ပြိုင်ဘက် မော်ဂန်ဆာဗန်နာဂီကို အလေးအနက် ထောက်ခံမဲ ပေးခဲ့ကြသည်။