မလေးရှားတွင်ကျင်းပမည့် Art Fair သို့ Summit Art ပန်းချီပြခန်းမှ ပါဝင်ပြသမည်
By maungmaung on ပြည်တွင်း from www.mizzimaburmese.com
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပမည့် Art Expo Malaysia 201 ပန်းချီပွဲတော်သို့ မြန်မာနိုင်ငံမှ ပန်းချီ ဆရာ ငါးဦး ပါဝင်ပြသမည်ဖြစ်သည်။ ယင်းပြပွဲကို Matrade Exhibition and Convention Centre (MECC) ခန်းမ၌် စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက် အထိကျင်းပမည်ဖြစ်ပြီး မြန်မာပန်းချီဆရာများသည် Summit art Collection အနေဖြင့် သွားရောက်ပြသမည်ဖြစ်ကြောင်း စီစဉ်သူ ပန်းချီမြင့်စိုးက မဇ္ဈိမသို့ ပြောကြားလိုက်သည်။ယင်းသို့သွားရောက်ပြသရာတွင် Summit art Collection ပိုင်ပန်းချီကားများအား အဓိကထားပြသလေ့ရှိပြီး ၎င်းပြပွဲသို့ ပါဝင်ပြသဖြစ်ပုံကို ပန်းချီမြင့်စိုးက “ဒီပြပွဲကို နှစ်တိုင်းသွားပြဖြစ်ပါတယ်။ ဒါနဲ့ဆိုရင် ငါးကြိမ်မြောက်
ဖြစ်သွားပါပြီ။ ၂၀၀၉ ခုနှစ်က စပြဖြစ်တာပါ။သူတို့က နှစ်တိုင်းလှမ်းဖိတ်ပါတယ်။ ဒီပွဲကို သွားပြရတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့မြန်မာပန်းချီပညာရဲ့ အဆင့်အတန်းကိုလည်း ပြသချင်တယ်။ နောက်ပြီး ဒီလို Art Fair တွေမှာက
နိုင်ငံတကာက ပန်းချီစုဆောင်းသူတွေ၊ ပွဲစားတွေလည်းလာတော့ အများကြီးအကျိုး ရနိုင်တယ်။ တို့ဆီမှာ ဒီလို လူတော်တွေရှိတယ်ဆိုတာကို ပြချင်တာလည်း ပါ,ပါတယ်” ဟု ပြောသည်။