နံပါတ်(၁)နေရာကနေ (၁၀)ရောက်ရှိသွားပေမယ့် စိတ်ဓာတ်မကျပါဘူးဟု ထားထက်ထက် ပြောကြား
By maungmaung on ပြည်တွင်း from www.mizzimaburmese.com
ဘန်ကောက်တွင် ကျင်းပမည့် Miss Grand International 2013 ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ ထားထက်ထက်က ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းပွဲအတွက် ကြိုတင်ကောက်ခံသည့် မဲပေးမှုအနေအထားတွင် ယခင်က နံပါတ် (၁)နေရာမှ ယခုအခါတွင် နံပါတ်(၁၀)သို့ ကျဆင်းသွားခဲ့ပြီဖြစ်သည်။ထားထက်ထက်က ကြိုတင်ကောက်ခံသည့်မဲတွင် ပြီးခဲ့သည့်အပတ်က နံပါတ်(၂)မှ (၁)နေရာသို့ ခေတ္တ
ရောက်ရှိခဲ့ပြီးနောက်တွင် ယခုကဲ့သို့ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။ယင်းသို့ကျဆင်းသွားခြင်းအပေါ် ထားထက်ထက်က “အခု အင်တာနက်ကနေကြိုပြီး Vote လုပ်လို့ရတယ်။ တရားဝင်တော့ မဟုတ်သေးဘူးပေါ့။ အစက (၂)နေရာမှာရှိတယ်။ အဲဒီကနေ (၁)နေရာအထိ ရောက်သွား
သေးတယ်။ အခုလက်ရှိ နံပါတ် (၁၀)ကို ပြန်ကျသွားတယ်။ ဒါပေမဲ့ ညီမစိတ်မပူပါဘူး။ ပြိုင်ပွဲကလည်း လိုသေးတယ်။ စိတ်ဓာတ်တော့ မကျပါဘူး။ ပရိသတ်ကလည်း အားပေးမယ်လို့ ယုံကြည်တယ်။နိုင်ငံအရေအတွက်က ၈၀ နီးပါးလောက်ပါဝင်မှာဆိုတော့ ကိုယ့်ဘက်က ဘာပဲဖြစ်ဖြစ် အကောင်း ဆုံးပြင်ဆင်ထားပါတယ်”ဟု ဆိုသည်။