အောင်မြင်မှုထက် ဂီတ ဖန်တီးမှုများကို ပိုမို မက်မောကြောင်း လေဒီဂါဂါဆို
By maungmaung on ဖျော်ဖြေရေး from news.yatanarpon.com.mm
သူမအတွက် အောင်မြင်မှု ရမရဆိုသည်မှာ ဂရုစိုက်စရာ ကိစ္စမဟုတ်ဟု လေဒီဂါဂါက ပြောကြားလိုက်သည်။ Pop ဂီတစတား အဆိုတော်က သူမအမှန်တကယ် စိတ်ဝင်စားသည်မှာ သူမပိုင် စွမ်းအင်အားလုံးကို တေးဂီတအတွက် နှစ်မြှုပ်ပေးဆပ်ထားရန်သာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။ ဂါဂါသည် ဖေဖော်ဝါရီလမှ စတင်ကာ တင်ပါးခွဲစိတ်မှုကြောင့် အနားယူခဲ့ရပြီး မကြာသေးမီ လပိုင်းမှ စတင်ကာ အနုပညာ လုပ်ငန်းများကို အင်ပြည့်အားပြည့် လုပ်ဆောင်လျှက် ရှိသည်။ သူမက ဂီတအတွက် အလုပ်လုပ်နေရာတွင် အောင်မြင်မည်၊ မအောင်မြင်မည် ဆိုသည်ကို လုံးဝ ထည့်မစဉ်းစားကြောင်း The Sun သတင်းစာသို့ ပြောကြားခဲ့သည်။"ကျွန်မအတွက် အနားရလိုက်တဲ့ အချိန်က အကျိုးရှိပါတယ်။ ဒါက ကျွန်မရဲ့ ဖန်တီးမှု စွမ်းရည်ကို အသစ်ပြန်ဖြစ်လာစေတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ခွင့် ရခဲ့တယ်လေ" ဟု ဂါဂါက ဆိုသည်။ သူမက ဆက်လက်၍ "ကျွန်မဟာ အောင်မြင်မှုအတွက် ပုံစံချနေတဲ့သူ မဟုတ်တာ ကိုယ့်ဖာသာ သဘောပေါက်လာတယ်။