တို့အာရှ နှင့် ငါးမန်းတောင်ပံဈေးကွက်
By maungmaung on စားသောက်ဖွယ် from www.innewsmyanmar.com
မြန်မာပြည်မှာလည်း နာမည်ကြီးဟင်းလျာ တစ်မျိုးပါပဲ။ ငါးမန်တောင်ပံ ဟင်းချိုဆိုရင်နေရာတိုင်းမှာတောင် မရပါဘူး။ ပျှမ်းမျှအားဖြင့် ငါးမန်းတောင်ပံ ဟင်းတစ်ခွက်ကို အမေရိကန်ဒေါ်လာ ၁၀၀ နီးနီးတောင် ရှိတယ်လို့ ဆိုကြပါတယ်။ မြန်မာပြည်မှာ ဘယ်ဈေးလည်းတော့ မသိပါဘူး။သေချာတာကတော့ မြန်မာပြည်မှာလည်း ငါးမန်းတောင်ပံ ဟင်းချို ခေတ်စားနေဆဲ ပါပဲ။ အထူးသဖြင့် ပင်လယ်နဲ့ နီးကပ်တဲ့ မြို့
ကြီး ပြကြီးတွေမှာ ငါးမန်းဆူးတောင်ဟင်းချို၊ ဟင်းပွဲ များ ခေတ်စားပါတယ်။ သို့ပေမယ့် ယင်းဟင်းပွဲများ တကယ် ခေတ်စားကတော့ တရုတ်ပြည်မကြီး ပါပဲ။တရုတ်ပြည်မကြီးအပြင် အရှေ့ အာရှဘက်တစ်ခြမ်းလုံး မှာ ဈေးကြီးကြီး နဲ့ ရေပန်းစားတဲ့ ဟင်းလျာ ဖြစ်ပါတယ်။ တော်တော်လည်း ဆိုးဆိုးရွားရွားပါ။ ငါးမန်းသားကို တော်ရုံတော့ မစားကြပါဘူး။ အဓိက စားသုံးတာက ဆူးတောင်နဲ့ ရေယက်ဖြစ်ပြီး တစ်ကောင်လုံးကျ စွန့်ပစ်တဲ့ အလေ့အထ ပြုလုပ်ပါတယ်။