ရန်ကုန်-ကျိုက်ထို အဆင့်မြင့် မီးရထား ပြေးဆွဲမည်
By eieilwin98 on ပြည်တွင်း from news.yatanarpon.com.mm
အဆိုပါ မီးရထား ခရီးစဉ်မှာ လမ်းရပ်နားမယ့် ဘူတာများကတော့ ပဲခူးဘူတာ၊ ဝေါဘူတာ၊ သိမ်ဇရပ်ဘူတာတို့ ဖြစ်ပြီး၊ ရန်ကုန်ကနေ ကျိုက်ထို ခရီးစဉ်အတွက် လက်မှတ်ခကတော့ လူတစ်ဦးကို (၃၅၀၀) ကျပ် ဖြစ်တယ်လို့ဆိုကာ လက်မှတ်တွေကိုတော့ ရန်ကုန်ဘူတာကနေ အထက်တန်း ရက်ကြို လက်မှတ်ရုံမှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ (၅)ရက် ကြိုတင် ရောင်းချပေးသွားမှာ ဖြစ်ကြောင်း၊ ခရီးသွားမယ့်သူ အပါအဝင် လူတစ်ဦးကို လက်မှတ် (၅) စောင်အထိ နိုင်ငံသားစိစစ်ရေး ကဒ်ပြား/ထောက်ခံစာတို့နဲ့ ဝယ်ယူနိုင်တယ်လို့လည်း ပြောပါတယ်၊ လက်ကျန် လက်မှတ်တွေကိုတော့ ရထားထွက်မယ့်နေ့ ရထားမထွက်ခွာမီ (၁၅) မိနစ်အလိုမှာ ရန်ကုန်ဘူတာကြီး လက်ကျန် လက်မှတ်ရုံမှာ ခရီးသွားမယ့်သူ ကိုယ်တိုင် လူတစ်ဦးကို တစ်စောင်နှုန်းနဲ့ နိုင်ငံသားစိစစ်ရေး ကဒ်ပြားနဲ့ ထောက်ခံစာများ ပြသကာ ဝယ်ယူနိုင်တယ်လို့ ရန်ကုန်ဘူတာကြီးမှ ဒုတိယ ရုံပိုင်ချုပ် ဦးရဲလွင်က ပြောပါတယ်။