ပြစ်မှု ကျူးလွန်သူများကို ညှဉ်းပန်း နှိပ်စက်ခြင်း၊ အမှုမဖွင့်ပေးခြင်းတို့နှင့် ပတ်သက်၍ တိုင်ကြားလာမှုကြောင့် ရဲစခန်းများတွင် CCTV ကင်မရာများ တပ်ဆင်
By eieilwin98 on ပြည်တွင်း from news.yatanarpon.com.mm
ရဲစခန်းများတွင် CCTV ကင်မရာ တပ်ဆင်ရာ၌ ရဲစခန်းအတွင်းရှိ ပြည်သူများ အမှုလာရောက် တိုင်တန်းသည့် နေရာနှင့် ကျူးလွန်သူများကို အမှုစစ်ဆေးသည့် နေရာများတွင် အဓိက တပ်ဆင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အေးက ပြောကြားခဲ့သည်။ ''ကျွန်တော့် ခရိုင်အတွင်းမှာရှိတဲ့ ရဲစခန်းတွေမှာတော့ သြဂုတ်အတွင်းက စပြီးတော့ CCTV ကင်မရာတွေ တပ်ဆင်နေပါတယ်။ စက်တင်ဘာလ အတွင်းမှာ ပစ္စည်းရရှိမှုအပေါ် မူတည်ပြီးတော့ အပြီး တပ်ဆင်သွားပါမယ်။ တပ်ဆင်ရခြင်းရဲ့ အကြောင်းအရင်းကတော့ အမှုစစ်ဆေးတဲ့အခါမှာ စွပ်စွဲမှုတွေ တိုင်ကြားမှုတွေ ရှိလာတဲ့အတွက် အထင်အမြင် လွဲမှားမှုတွေ မရှိစေဖို့ ဖြစ်ပါတယ်။ အကယ်၍ တိုင်ကြားလာခဲ့ရင်လည်း သက်သေရရှိဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ မတော်တဆ လွဲမှားမှုလေးတွေ မဖြစ်စေချင်လို့ ဖြစ်ပါတယ်'' ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အေးက ပြောကြားခဲ့သည်။