အခြေခံစက်ရုံ လုပ်သားများအား ထမင်းစားချိန်မှလွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထား
By eieilwin98 on ပြည်တွင်း from news.yatanarpon.com.mm
အလုပ်သမားနှင့် အလုပ်ရှင် အခွင့်အရေးအတွက် စက်ရုံအလုပ်ရုံများကို ကွင်းဆင်း လေ့လာရာတွင် အခြေခံ လုပ်သားများအား ထမင်းစားချိန်မှ လွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထားဖြင့် အလုပ်ခိုင်းစေသည့် စက်ရုံများရှိကြောင်း ပြည်ထောင်စုလွှတ်တော်၊ အလုပ်သမား အလုပ်ရှင် အခွင့်အရေးလေ့လာရေး ပူးပေါင်းကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။ ယင်းအပြင် နိုင်ငံခြားသား လုပ်ငန်းရှင်ပိုင် စက်ရုံအချို့သည် လုပ်သားများအပေါ် မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ အနိုင်အထက်ပြု ခိုင်းစေခြင်းများ ရှိသည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းထားသည်။ ပူးပေါင်းကော်မရှင်သည် အလုပ်သမား အလုပ်ရှင်အခွင့်အရေးများကို လေ့လာခဲ့ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရာတွင် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ စက်ရုံအလုပ်ရုံပေါင်း ၂၀၀ အား ပဏာမစစ်ဆေးပြီးနောက် စက်ရုံအလုပ်ရုံ ၇၉ ရုံအား ကွင်းဆင်းလေ့လာကာ တွေ့ရှိချက်များကို အစီရင်ခံစာ ရေးသားတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။