Ubuntu OS ပေါ်တွင် Timezone များ ထပ်မံ ထည့်သွင်းပုံ

By eieilwin98 on from news.yatanarpon.com.mm

Ubuntu OS အသုံးပြုတဲ့သူတွေ အနေနဲ့ သင်တို့ရဲ့ Ubuntu OS မှာ အခြားသော Timezone တွေကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Timezone အသစ်တွေကို ထည့်သွင်း အသုံးပြုခြင်းဖြင့် သင်သိရှိတဲ့ နိုင်ငံရဲ့ အချိန်တွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ Timezone ကို အသစ် ထပ်မံထည့်သွင်းဖို့ အတွက် နည်းလမ်းကလည်း အလွယ်တကူနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Timezone အသစ်တွေကို ထည့်သွင်းဖို့ အတွက် ပထမဆုံး Ubuntu OS အတွင်းမှာရှိတဲ့ System Settings ဆိုတာကို ရွေးချယ်ပြီး ဖွင့်ရပါမယ်။ System Settings ထဲကို ရောက်သွားပြီဆိုရင် Time & Date ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Time & Date Button ကို ရွေးချယ်ပြီးသွားပြီ ဆိုရင်တော့ Time & Date Box ထဲမှာ Time & Date ရယ် Clock ဆိုတဲ့ Tab ၂ ခုကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ အထဲက Clock ဆိုတဲ့ Tab ကို ရွေးချယ်ပေးရပါမယ်။ Clock ဆိုတဲ့ Tab အောက်မှာ Time other locations ဆိုတဲ့ Check Box မှာ အမှန်ခြစ်ကို ထည့်သွင်းပေးပြီး Choose Locations ဆိုတဲ့ Buttons ဆိုတဲ့ Button ကို ရွေးချယ်ပြီး နှစ်သက်ရာကို နိုင်ငံရဲ့ အချိန်ကို ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 164
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!