McWll ဖုန်းတိုးချဲ့မှု ရပ်ဆိုင်းထားသော်လည်း ဝန်ဆောင်မှုပိုင်းကို ဆောင်ရွက်ပေးလျက် ရှိဟုဆို
By eieilwin98 on ပြည်တွင်း from news.yatanarpon.com.mm
McWll ဖုန်းများ တိုးချဲ့ပေးမှုကို ရပ်ဆိုင်းထားသော်လည်း ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း အေးချမ်းမေတ္တာ ကုမ္ပဏီ အကြံပေးပုဂ္ဂိုလ် ဒေါ်အေးအေးဝင်းက ပြောသည်။ အဆိုပါ ဖုန်းများနှင့် ပတ်သက်၍ အသုံးပြုရာတွင် အခက်အခဲ တစ်စုံတစ်ရာရှိပါက ဝယ်ယူသည့် နေရာမှတစ်ဆင့် ပြန်လည်ဆောင်ရွက်ပေးကြောင်း ပြောကြားသည်။ “LSP (Local Service Partner) တွေကတစ်ဆင့် ဝန်ဆောင်မှုပိုင်းကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဝယ်တဲ့နေရာမှာတင် မေးမြန်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါ်အေးအေးဝင်းက ပြောသည်။ McWll ဖုန်းများနှင့် ပတ်သက်၍ မြန်မာတစ်နိုင်ငံလုံးအနှံ့ LSP (Local Service Partner) ၇ ခု ဝန်းကျင်ခန့် ထားရှိထားကြောင်း သိရသည်။“ရန်ကုန်အပါအဝင် မြစ်ကြီးနား၊ မကွေးတို့မှာ စုစုပေါင်း LSP (၇) ခုဝန်းကျင် ထားရှိပေးထားပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ LSP များကို ရန်ကုန်တွင် အများဆုံး ထားရှိထားကြောင်း သိရသည်။