ရန်ကုန်တိုင်း ဒေသကြီးရှိ ဆင်ခြေဖုံး မြို့နယ်များတွင် မုဒိမ်းမှုနှင့် သက်ငယ် မုဒိမ်းမှုကို ရှုတ်ချ
By miemiekhine on ပြည်တွင်း from news.yatanarpon.com.mm
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ ဆင်ခြေဖုံး မြို့နယ်များတွင် မုဒိမ်းမှုနှင့် သက်ငယ် မုဒိမ်းမှု ရှုတ်ချ ဆန္ဒပြခြင်းများ ဆက်တိုက် ပြုလုပ်လာကြောင်း သိရသည်။ သန်လျင်၊ ခရမ်း၊ လှည်းကူး၊ ဒလ၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို၊ မှော်ဘီ၊ တိုက်ကြီး၊ ရွှေပြည်သာ၊ လှိုင်သာယာတို့ကဲ့သို့သော ရန်ကုန်တိုင်း အတွင်းရှိ ဆင်ခြေဖုံး မြို့နယ်များနှင့် ယင်းမြို့နယ် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် လွန်ခဲ့သည့် သုံးလခန့်မှ လက်ရှိအချိန်ထိ ရှုတ်ချ ဆန္ဒပြခြင်း၊ အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်လာခြင်း ဖြစ်သည်။ ထို့ပြင် ယင်းဆန္ဒပြမှု အများစုတွင် လူအင်အား ၁၀၀ ခန့် ပါဝင်ပြီး မကောင်းမှု စိတ်ကွယ်ရာ မရှိစေရ၊ ဒုစရိုက်သမားများအတွက် ရပ်ကွက် ကျေးရွာ အတွင်းတွင် နေစရာမရှိ စသော ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး တရားဝင် ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြခြင်းလည်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။