ယခု နွေရာသီတွင် Box Office ၏ရုံဝင်ကြေး စံချိန်တင်ပမာဏထိ ရရှိခဲ့
By miemiekhine on ဖျော်ဖြေရေး from news.yatanarpon.com.mm
ယခုနွေရာသီ အမေရိက ရုပ်ရှင်ရုံဝင်ကြေး Box Office စာရင်းသည် အမြင့်မားဆုံးအဖြစ် စံချိန်တင် ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။ Superman: Man of Steel၊ Iron Man 3 နှင့် Despicable Me 2 ကဲ့သို့သော ဇာတ်ကားများကြောင့် အမေရိကန်နှင့် ကနေဒါနိုင်ငံများ၏ နွေရာသီ ရုံဝင်ကြေးသည် ဒေါ်လာ (၄.၇) ဘီလျံထိ ရှိလာကြောင်း Box Office က ဆိုသည်။ အဆိုပါ ပမာဏသည် ပြီးခဲ့သည့်နှစ် နွေရာသီ ရုံဝင်ကြေး စုစုပေါင်း ပမာဏထက် (၁၀.၂) ရာခိုင်နှုန်း ပိုမိုတိုးပွားလာခြင်း ဖြစ်သည်။ ရုပ်ရှင်ရုံများသို့ ဝင်ရောက်ကြည့်ရှုသူ ပမာဏသည်လည်း ယမန်နှစ် နွေရာသီကထက် (၆.၆) ရာခိုင်နှုန်း တိုးပွားကာ (၅၇၃) သန်းကျော် ရှိလာခဲ့သည်။ရုပ်ရှင်လက်မှတ် ဈေးနှုန်းများ မြင့်တက်လာခြင်းသည်လည်း Box Office ဝင်ငွေတိုးပွားမှုကို အထောက်အကူ ပြုစေကြောင်း သိရသည်။ လက်မှတ်ဈေးနှုန်းများသည် ပျမ်းမျှ (၂၇) ရာခိုင်နှုန်းမျှ မြင့်တက်လာသည်။