The Secret Service ဇာတ်ကားတွင် အတူ တွေ့မြင်ရမည့် တေးလာဆွစ်ဖ်နှင့် ဘက်ခမ်း
By YaminThu on ဖျော်ဖြေရေး from www.myawady.com.mm
သီချင်း အေးအေးလေး များဖြင့် ပရိသတ်ကို ညှို့ယူ ဖမ်းစားနိုင်သူ ကန်းထရီး အဆိုတော် တေးလာဆွစ်ဖ်သည် ဂျိမ်းစ်ဘွန်းဇာတ်ကား 007 ကို ယှဉ်နိုင်မည့် The Secret Service ဇာတ်ကားတွင် ကမ္ဘာကျော် ဘောလုံး သမားဟောင်း ဒေးဗစ်ဘက်ခမ်းနှင့် အတူ သရုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ပုရိသတို့ အသည်းစွဲ အမေရိကန် အဆိုတော် တေးလာနှင့် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်သည့် ဒေးဗစ်ဘက်ခမ်းတို့ အတူ သရုပ်ဆောင်မည့် The Secret Service ဇာတ်ကားကို ပုံဖော် ရိုက်ကူးမည့် သူမှာ ဒါရိုက်တာ မက်သရူးဗော့ဂ် ဖြစ်သည်။ထို့ပြင် The Secret Service ဇာတ်ကား၌ ကိုလင့်ဖာ့ခ်ျ၊ ဆင်မြူရယ် အယ်လ်ဂျက်ဆန်နှင့် မိုက်ကယ်ကိန်းတို့ ပါဝင်သွားမည် ဖြစ်ပြီး အယ်လ်တန်ဂျွန်နှင့် အဒဲလ် တို့ကိုလည်း ဧည့်သည် သရုပ်ဆောင် အဖြစ် ပါဝင်သွားရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။The Secret Service ဇာတ်ကားကို အောက်တိုဘာ လ၌ လန်ဒန်နှင့် ပြင်သစ် တောင်ပိုင်းတွင် အဓိကထား ရိုက်ကူးသွားမည် ဖြစ်ပြီး တေးလာသည် ၎င်းဇာတ်ကားမှ ဇာတ်ကောင်နှင့် လိုက်ဖက်သည့် သဘာဝ ကျသည့် ဇာတ်ရုပ်ကို ပိုင်ဆိုင်ထားသည့် အတွက် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ဒါရိုက်တာ မက်သရူးက ပြောကြားခဲ့သည်။