အပေါ့စား လေယာဉ်ကို မောင်းနှင် ပြနိုင်သည့် ကမ္ဘာ့အသက် အငယ်ဆုံး ကလေးငယ်
By YaminThu on အထွေထွေ from www.myawady.com.mm
တရုတ်နိုင်ငံမှ တော်တော်အမည် ရှိ အသက်ငါးနှစ်အရွယ် ကလေး ငယ် သည် အပေါ့စား လေယာဉ်ကို မောင်းနှင်ပြသခဲ့ပြီး အသက်အငယ်ဆုံးလေယာဉ်မောင်း သူအဖြစ် ကမ္ဘာ့ဂင်းနစ်မှတ်တမ်း တင်ခံခဲ့ရကြောင်း သိရသည်။တော်တော်သည် ပေကျင်း သားရဲတိရစ္ဆာန် ပန်းခြံ၌ သြဂုတ် ၂၉ရက်က ၃၅မိနစ်ကြာ လေယာဉ် မောင်းနှင်ပြခဲ့ပြီး စံချိန်တင် နိုင်ခဲ့ခြင်း ဖြစ်သည်။၎င်းကလေးငယ်သည် ယခုကဲ့သို့ ရဲဝံ့စွာ လေယာဉ် မောင်းနှင်နိုင်ရန် အတွက် သူ၏ ဖခင်ဖြစ်သူက ၂ဝ၁၂ ခုနှစ် အစော ပိုင်းတွင် နယူးယောက်မြို့ရှိ ရေခဲပြင်အတွင်း ကိုယ်ခန္ဓာကြံ့ခိုင်မှု ရှိစေရန် အပတ်တကုတ် လေ့ကျင့်စေခဲ့သည်။စည်းကမ်းတင်းကျပ်သော ၎င်း၏ ဖခင်က ၎င်းကိုယ်၎င်း စွန်ရဲ ဖခင်၏ အမည်ခေါ်တွင်ပြီး သားဖြစ်သူကို အသက် ငယ်ငယ်နှင့် ထူးချွန်သူ တစ်ဦး ဖြစ်အောင် လေ့ကျင့်ပျိုးထောင် ပေးနိုင်သူ ဖြစ်သည်။