ရီးယဲလ် ကွင်းလယ်လူ အိုဇေးအား အာဆင်နယ်ပေါင် ၄၂ သန်းကျော်ဖြင့် ခေါ်ယူ
By YaminThu on အားကစား from www.myawady.com.mm
အာဆင်နယ် အသင်းသည် ရီးယဲလ် မက်ဒရစ် အသင်းမှ ဂျာမနီ ကွင်းလယ် ကစားသမား မီဆုအိုဇေးအား ကလပ် အသင်း၏ ယခင်စံချိန်တင် ပြောင်းရွှေ့ကြေးပေါင် ၂၇ ဒသမ ၄ သန်းကို ကျော်လွန်ကာ ပေါင် ၄၂ ဒသမ ၄ သန်းဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။အသက် ၂၄ နှစ်ရှိ အိုဇေးသည် အာဆင်နယ်နှင့် ငါးနှစ်စာချုပ် ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။မိမိသည် အာဆင်နယ် ကဲ့သို့သော အသင်းမျိုး၌ ပါဝင် ကစားခွင့် ရခြင်းကို များစွာ ပျော်ရွှင်မိပြီး လက်ရှိတွင် ပရီးမီးယားလိဂ်၌ ကစားရန် စောင့်မျှော်လျက် ရှိသည်ဟု အိုဇေးက ပြောကြားထားသည်။အာဆင်နယ် အသင်းသည် ပါလာမို ဂိုးသမား အီမီလီ ယာနိုကိုလည်း ခေါ်ယူထားပြီး ဖြစ်ကြောင်း၊ သို့သော် တိုက်စစ်မှူး ဒမ်ဘာဘာအား အငှား ခေါ်ယူရေး ကိုမူ ချယ်လ်ဆီးနှင့် ဆွေးနွေး ထားခြင်းကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။