To Reduce Excess Fat

By cherrythet on from shwebeauty.com

စိတ်အနှောက်အယှက် ကြုံတွေ့ပြီး မရှူမရှိုက်နိုင် ဖြစ်သည့်အခါ ထိုသူသည် အခန်းထဲတွင် ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နှင့် သူ့ကိုယ်သူ သက်သာမှုရအောင် စိတ်ဖြေနေသည်ကို သတိပြုမိပါလိမ့်မည်။ ခဏကြာလျှင် ထိုသူ၏ စိတ်ဝေဒနာ သက်သာပြီး ငြိမ်ကျသွားသည်ကို မြင်ဖူးကြပါလိမ့်မည်။ ဤကား ဝေဒနာကို သက်သာအောင် လမ်းလျှောက်ခြင်းဖြင့် ကုစားလိုက်ခြင်း ဖြစ်ပါသည်။ ရှေးပဝေသဏီ ကာလကပင် လမ်းလျှောက်ခြင်းသည် ရောဂါ ကာကွယ်ရေး အတွက် လည်းကောင်း၊ ရောဂါ ကုသရေး အတွက် လည်းကောင်း၊ ထိရောက်သော ကုထုံးနည်း တစ်ရပ် အဖြစ် လူတို့ နားလည်ခဲ့ကြ၏။ နံနက်စောစော နေမထွက်မီ လမ်းလျှောက်ခြင်းကို ပြုကြရန်လည်း ထောက်ခံ အားပေးခဲ့ကြ၏။ ခေတ်လူသားများသည် အလုပ်များစွာ လုပ်ကြသည်ကား မှန်၏။ သို့သော် ထိုင်ပြီး လုပ်ကြသည်က များ၏။ လှုပ်ရှားသွားလာမှုလည်း များပါ၏။ သို့သော် ယာဉ်ရထားများဖြင့်သာ သွားလာကြခြင်း ဖြစ်၏။ ခေတ်လူသားများ အနေနှင့် ခရီးဝေးကို လမ်းလျှောက်၍ ခြေကျင်သွားရမည် ဆိုလျှင် မနှစ်သက်တော့။ စိတ်က လမ်းလျှောက်ခြင်း၊ ခြေကျင်ခရီးသွားခြင်းကို ဆန့်ကျင်နေတတ်ပါသည်။ ထို့ကြောင့် ခေတ်လူသားများသည် လမ်းလျှောက်ခြင်း အလေ့အထကို နှစ်သက်အောင် အကြိုက်တွေ့အောင် ဦးစွာ အားထုတ်ရပေဦးမည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 3
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!