ကြပ်ကြပ်ထုပ်ထုပ် ကြိုက်သူများ သတိ

By cherrythet on from shwebeauty.com

ဖက်ရှင်အလှအပများ ပေါလွန်းလှသည့် အချိန်တွင် အမျိုးသား၊ အမျိုးသမီးများအတွက် ရွေးချယ်စရာများကလည်း များပြားလှသည်။ လူအများ ရွေး ချယ်သည့် အဝတ်အစားသည် ဖက်ရှင်ကျလှပရုံသာမက ကျန်းမာရေးအတွက် သက်ရောက်မှုလည်းရှိသည်။ နေ့စဉ် ဝတ်ဆင်သည့် အဝတ်အစားများ ပုံမှန်လဲလှယ်မှု မရှိသည့်အတွက် လုံလောက်သည့် သန့်ရှင်းမှုမရှိခြင်း၊ ကြပ်လွန်းသည့် အဝတ်အစားများကြောင့် သတိမပြုမိလိုက်သော်လည်း နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ခံစားကြရနိုင်ကြောင်း အရေပြားအထူးကုဆရာဝန် ဒေါက်တာမြတ်စန္ဒာကျော်က ပြောသည်။ ခန္ဓာကိုယ်အလှကို ပိုမိုပေါ်လွင်စေသည့် ဘောင်းဘီကြပ်ကြပ်များ လူငယ်ထုအတွင်း ပိုမိုအကြိုက်များလာကြသည်။ ထိုဘောင်းဘီအကြပ်များသည် အမျိုးသမီးများတွင် အဖြစ်များသည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ရောဂါဖြစ်စေသည့် အကြောင်းရင်းများစွာထဲမှ တစ်ခုလည်း ဖြစ်နိုင်ကြောင်း သိရသည်။ ဘောင်းဘီကြပ်ကြပ်သည် စမတ်ကျလှပသော်လည်း သက်သောင့်သက်သာတော့ သိပ်မရှိလှပေ။ လှုပ်ရှားသွားလာနေသူများအတွက် ကြပ်နေသည့် ဘောင်းဘီသည် အရေပြား ပွန်းခြင်းများ၊ နီရဲလာခြင်းများနှင့် သွေးခြေဥခြင်းများအထိ ဖြစ်နိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပွန်းနေသည့် အရေပြားမှတစ်ဆင့် ဆီးလမ်းကြောင်း
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 3
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!