မုံရွာတက္ကသိုလ် ရူပဗေဒဌာနမှ ပါမောက္ခဌာနမှူး လာဘ်စားမှုအပေါ် ကျောင်းသားများ မကျေမနပ်ဖြစ်နေ
By yeaungnaing on ပြည်တွင်း from shwemyanmarmediagroup.blogspot.sg
စစ်ကိုင်းတိုင်း မုံရွာတက္ကသိုလ်တွင် ရူပဗေဒဌာ
နရှိ ပါမောက္ခဌာနမှူးမှာ ကထိကဆရာမတစ်ဦးနှင့်
ပေါင်း၍ ကျောင်းသားများထံမှ မတရားငွေကြေး
တောင်းခံ လာဘ်စားမှုအပေါ် ကျောင်းသားများက
မကျေမနပ်ဖြစ်နေကြကြောင်း တက္ကသိုလ်ကျောင်းသားတစ်ဦး၏ သတင်းပေးပို့ချက်
အရ သိရသည်။
အဆိုပါ ဆရာနှစ်ဦးပူးပေါင်း၍ ကျောင်းသားများအား ပုံနှိပ်စာအုပ်များကို ဈေးမြှင့်ကာ မဝယ်မနေရစနစ်ဖြင့်ရောင်းပြီး၊ Term Paper လက်မှတ်ထိုးခများနှင့် မဟာတန်း ကျောင်းသားတစ်ဦးလျှင် ကျပ်ငွေ ၂ သိန်းစီ တောင်းခံနေကြောင်း သတင်းရရှိသည်။