ဆူကီယာကီ (Japan Hot Pot)
By mohmohkhin on စားသောက်ဖွယ် from www.wutyeefoodhouse.com
၁။ Electric potအိုးထဲသို့ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပေးပြီ ဆီပူလာလျှင် အမဲသား ၁မိနစ်ခန့် ထည့်ကြော်ပေးပါ။
၂။ ထို့နောက် ဆော့ရည် တ၀က် လောင်းထည့်ပေးပြီ ဆူသည်အထိ တည်ထားပါ။
၃။ ဆူလာလျှင် ကြက်ဥမှ လွှဲ၍ (တို့ဟူး၊ ခေါက်ဆွဲ၊ မှို၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ) တို့ကို ထည့်ပေးပါ။
၎။ ပြီနောက် အဖုံးအုပ်ပြီ မီးအသင့်တင့်ဖြင့် တည်ထားပါ။ ဟင်းရွက်များ၊ တို့ဟူးများ ထပ်ထည့်လျှင် ဆော့ရည် ထည့်ပေးပါ။
၅။ ဟင်းရွက်များ နွမ်းသွားလျှင် ကြက်ဥခွက်ထဲ အသား၊ ဟင်းရွက်များကို နှစ်ပြီ Sukiyaki ဂျပန် ဟော့ပေါ့ကို စိတ်ကြိုက် သုံးဆောင်လို့ရပါပြီ…