ယူနိုက်တက်နှင့် ပထမဆုံး ရာသီကတည်းက အောင်မြင်မှုများ ပိုင်ဆိုင် လာနိုင်ရန် မိုယက်စ် မျှော်လင့်
By sandarmoe on အားကစား from www.soccermyanmar.com
အသက်(၅၀) အရွယ်ရှိ စကော့တလန်သားသည် အဲဗာတန် အသင်းကို စွန့်ခွာကာ ၎င်းနှင့် တစ်နိုင်ငံတည်းသား ဂန္ထဝင် မန်နေဂျာကြီး ဆာအဲလက်စ် ဖာဂူဆန် နေရာတွင် အစားထိုး ဝင်ရောက် လာခဲ့သည်။ ဖာဂူဆန်သည် ဘောလုံးလောကမှ အနားယူရန် ဆုံးဖြတ်ပြီးနောက် မိုယက်စ်ကို တာဝန်လွှဲအပ်ရန် ထောက်ခံမှု ပေးသွားခဲ့သည်။ မိုယက်စ်သည် အဲဗာတန်တွင် (၁၁)နှစ်ကြာ တာဝန် ယူခဲ့ဖူးသော်လည်း အသင်း အနေဖြင့် ဆုဖလားများနှင့် အစဉ်တစိုက် ကင်းကွာနေခဲ့သည်။ မိုယက်စ်က အိုးလ်ထရက်ဖို့ဒ်တွင်မူ ဖြစ်နိုင်ခြေ ရှိသမျှ ဆုဖလားတိုင်း အတွက် မျှော်လင့်နေမည်ဟု ပြောဆိုသွားသည်။