ကမ္ဘာ့မွေထိုင်း ထွန်းထွန်းမင်းနှင့် ဘယ်လ်ဂျီယံလက်ဝှေ့သမား တွေ့ဆုံ
By yeaungnaing on အားကစား from www.7daynewsjournal.com
“ကွာတားဖိုင်နယ်ပွဲစဉ်တွေ မဲနှိုက်တဲ့အခါ ထွန်းထွန်းမင်းက ဘယ်လ်ဂျီယံအားကစားသမားနဲ့ ယှဉ်ပြိုင်ဖို့ တွဲဆိုင်းကျပါတယ်။ အာရှရုံတွင်းအားကစားပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ ထွန်းထွန်းမင်းအနေနဲ့ ပွဲဆက်နေပေမယ့် သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေ အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်”ဟု အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းဇော်ဇော်ကပြောသည်။
မြန်မာမွေအားကစားသမား ထွန်းထွန်းမင်းသည် လက်ရည်စစ်ပွဲအောင်မြင်စဉ်က ဆုကြေးအဖြစ် ကန်ဒေါ်လာတစ်ထောင်၊ အုပ်စုပထမအဆင့် ဆွစ်ဇာလန်အား ကစားသမားကို အနိုင်ရရှိသည့်အတွက် ဆုကြေးကန်ဒေါ်လာနှစ်ထောင်ရရှိခဲ့ပြီး ကွာတားအဆင့် ကျော်ဖြတ်နိုင်ပါက ဆုကြေးကန်ဒေါ်လာသုံးထောင် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။