စတားရစ်ခ်ျသည် အင်္ဂလန်၏ နံပါတ်တစ် တိုက်စစ်မှူး ဖြစ်လာမည်ဟု ရော်ဂျာ ပြောကြား
By htainlin on အားကစား from www.soccermyanmar.com
အသင်း၏ တိုက်စစ်မှူး ဒန်နီယယ် စတားရစ်ခ်ျသည် အင်္ဂလန်၏ နံပါတ်တစ် တိုက်စစ်မှူး ဖြစ်လာမည်ဟု လီဗာပူး မန်နေဂျာ ဘရန်ဒန် ရော်ဂျာက ပြောကြားလိုက်သည်။စတားရစ်ခ်ျသည် လီဗာပူး၏ ရာသီအစ ပရီးမီးယားလိဂ် ပွဲစဉ် နှစ်ပွဲစလုံးတွင် အသင်းအတွက် အနိုင်ဂိုးများ သွင်းယူပေးခဲ့သည်။ သို့ရာတွင် အင်္ဂလန်အသင်းအတွက် ခြောက်ပွဲ ကစားထားသည့် တိုက်စစ်မှူးသည် ပြိုင်ဘက်အသင်းများကို အကြီးအကျယ် ခြိမ်းခြောက်နိုင်မည့် တိုက်စစ်မှူးတစ်ဦး ဖြစ်လာမည်ဟု ရော်ဂျာက ယူဆလျက်ရှိသည်။ ၎င်းက “ဒန်နီယယ် စတားရစ်ခ်ျအနေနဲ့ သူ့ရဲ့ ကြံ့ခိုင်မှုကို ဆက်လက်ထိန်းထားနိုင်မယ်ဆိုရင် ပြိုင်ဘက် အသင်းတိုင်းကို အကြီးအကျယ် ခြိမ်းခြောက်နိုင်မယ့်သူ ဖြစ်လာမှာပါ။ သူ့ရဲ့ ကစားပုံဟာ ဘရာဇီး တိုက်စစ်မှူး တစ်ဦး ကစားနေပုံနဲ့ တူပါတယ်” ဟု ဆိုခဲ့သည်။