တို့ဟူး ပုဇွန်ကြော်
By mohmohkhin on စားသောက်ဖွယ် from www.wutyeefoodhouse.com
၁။ အရင်ဆုံး တို့ဟူးကို အ၀တ်သန့်တစ်ခုဖြင့် အုပ်ပြီ အပေါ်မှ လေးလံသော ပစ္စည်းတစ်ခုခု တင်ကာ မိနစ် ၂၀ခန့် ရေစစ်ထားပေးပါ။
၂။ ပြီလျှင် ရေစစ်ထားသော တို့ဟူးကို ခရင်းဖြင့် ခြေလိုက်ပါ။
၃။ ပြီမှ ဇလုံထဲ (တို့ဟူး၊ ပုဇွန်၊ ကြက်ဥ၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်၊ မုန်လာဥနီ၊ ငရုတ်သီးနီ) တို့ကို ထည့်ပြီ သမအောင် ရောမွှေပြီ ၁၀မိနစ်ခန့် ဘေးဖယ်ထားပါ။
၃။ ထို့နောက် နုယ်ထားသော တို့ဟူးကို ဓားကို အသုံးပြုပြီ လေးထောင့်ပုံ ပြုလုပ်လိုက်ပါ။
၎။ ပြီလျှင် ပေါင်းအိုးထဲ ထည့်ပြီ ၁၀မိနစ်ခန့် ပေါင်းပေးပါ။
၅။ တို့ဟူးကို ပေါင်းပြီလျှင် ခေတ္တမျှ အအေးခံပြီ ၂လက်မအရွယ် အရှည် အတုံးလေးများ တုံးပေးပြီ တို့ဟူးကို ကော်မှုန့်များ ကပ်ပေးပါ။
၆။ ပြီနောက် ဒယ်ထဲ ဆီများများထည့်ပြီ တို့ဟူးများ အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
ရ။ ဂျပန်စတိုင် တို့ဟူးကြော်ကို ပဲငံပြာရည် ဆော့ရည်ဖြင့် တွဲဖက်သုံးဆောင်လို့ရပါပြီ…