နတ်မောက်မြို့ လယ်ရှိ ဇေယျတု လက်ဘက်ရည်ဆိုင် ဖောက်ထွင်းမှုဖြစ်ပွား
By jackiekyaw on ပြည်တွင်း from www.thithtoolwin.com
မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့  တြိဂံလမ်းဆုံအနီး မြို့ မ ရဲစခန်းရှေ့တွင် ရှိနေသော ကိုဘိုသူ(ခ)သူရအောင်၏ ''ဇေယျတု''လက်ဘက်ရည် ဆိုင်နှင့် မိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်နု၏ နေအိမ်တို့ အား ၂၁/၈/၂ဝ၁၃ ည အချိန်တွင် ဖောက်ထွင်း ခိုးယူခံရရာ အဆိုပါမှုခင်းကို ဖေါ်ထုတ်နိုင်ရန်အတွက် နတ်မောက်မြို့  မြို့မ ရဲစခန်းမှ အပူတပြင်း ကြိုးစားနေကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ၂ဝ/၈/၂ဝ၁၃ ညက ကိုဘိုသူတို့ မိသားစုသည်နံနက်တွင် ရွှေကျောင်း သို့ ဆွမ်းကပ်လှူရန် အခမ်းအနား ရှိနေခြင်းကြောင့် ပုံမှန်ညများ ထက်စော၍ အိပ်ယာဝင်ခဲ့ကြသည်။ ၂၁/၈/၂ဝ၁၃နေ့နံနက် ၂းဝဝနာရီခန့် တွင် တစ်ဝိုင်းထဲနေ သော ကိုဘိုသူ၏ ဇနီးမတိုး၏ မိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်နုက''ဘိုသူတို့မတိုး တို့ထကြဦး၊ငါတို့အိမ်ဘက်ကိုလူဝင်တယ်နဲ့တူ တယ်။ ဘီဒိုတွေလည်းပွင့်နေတယ်''ဟုပြောမှကိုဘိုသူတို့ဇနီးမောင်နှံမှာလည်း အိပ်ယာမှ ထကြည့်ရာ မိမိအိမ်အတွင်းမှာကိုပဲ ဘီဒိုသုံးလုံး၊ စားပွဲအံဆွဲနှင့်လက်ဘက်ရည်ဆိုင်အတွင်းမှ ဈေးသေတ္တာတို့ကို လိုက်လံစစ်ဆေးကြည့်ရာ အနေအထားများပုံမှန် မဟုတ်ကြောင်းတွေ့ရသည်။