နယူးဇီလန် မြို့တော်တွင် ငလျင်လှုပ်ခတ် မှုများဖြစ်ပွား
By zawminnaing on နိုင်ငံတကာ from www.myawady.com.mm
နယူးဇီလန် နိုင်ငံတွင် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ပြင်းအား ပမာဏ ၅ ဒသမ ၈ အဆင့်ရှိ ငလျင် လှုပ်ခတ်ပြီးနောက် ဝယ်လ်လင် တန်မြို့နှင့် တောင်ပိုင်း ကျွန်းဒေသတွင် ယင်းနေ့ညနေပိုင်းက ပြင်းအား ပမာဏ ၆ ဒသမ ၅ အဆင့်ရှိ ငလျင်ထပ်မံ လှုပ်ခတ်ခဲ့သည့် အပြင် ယင်းနေ့ တစ်နေ့လုံး ငလျင်ငယ်လေးများ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ပြင်းအား ပမာဏ ၆ ဒသမ ၅ အဆင့်ရှိသည့် ယင်းငလျင်သည် ဂရင်းနစ် စံတော်ချိန် ညနေ ၅ နာရီ ၉ မိနစ်အချိန်က လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး မြေပြင်အနက် ၁၇ ကီလိုမီတာ အကွာ၊ ဘာလန်ဟမ် အရပ်အနီး ဆက်ဒ်ဒွန် ဒေသ အရှေ့ဘက် ၃ဝ ကီလို မီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း နယူးဇီလန် အစိုးရအဖွဲ့ ဘူမိဗေဒ အေဂျင်စီက ပြောကြားခဲ့သည်။
ငလျင် လှုပ်ခတ်မှုကြောင့် ဝယ်လ်လင်တန်မြို့လယ် တစ်ဝိုက်ရှိ အဆောက်အအုံ အချို့ မှန်များ ကွဲအက် ခဲ့ကြောင်းနှင့် ဖီတာ စတွန် လမ်းရှိ အဆောက်အအုံ တစ်ခု၏ မျက်နှာစာပြိုကျ ခဲ့ကြောင်း သိရသည်။