မကွေးမြို့သို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်
By miemiekhine on ပြည်တွင်း from www.myawady.com.mm
အဆိုပါ နိုင်ငံခြားသား ခရီးသွားဧည့် သည်များသည် ပြည်မြို့မှ စတင် ထွက်ခွာလာရာ ဧရာဝတီ မြစ်ကမ်း တစ်လျှောက်ရှိ မြို့ကြီးများသို့ ဝင်ရောက် လေ့လာပြီး မန္တလေးမြို့သို့ ရှစ်ရက်ကြာ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ယခု လာရောက်သည်မှာ နိုင်ငံခြားသား ၂ဝ ဦး လာရောက်ကြပြီး ဇူလိုင်လ အတွင်း တတိယ မြောက်လာ ရောက်ခြင်းဖြစ်ကြောင်း၊ ၂၃ ရက်တွင် နိုင်ငံခြား ခရီးသွား သင်္ဘော နှစ်စင်း ဆိုက်ကပ် မှာ ဖြစ်ကြောင်း၊ ၂၆ ရက်နှင့် ၂၉ ရက်တို့ တွင်လည်း နိုင်ငံခြား ခရီးသွား သင်္ဘောများ ဆိုက်ကပ်မည်ဟု ကြိုတင်ဖုန်းဖြင့် အကြောင်းကြား ထားကြောင်းနှင့် သြဂုတ် ၃ ရက်တွင် နိုင်ငံပေါင်း စုံမှ နိုင်ငံခြားသား ၆ဝ ဦး လာရောက် လေ့လာမည်ဟု သတင်း ရရှိသည်။