လူအများ ထင်ထားသည်ထက် မိသားစုဘဝက ပိုမိုရိုးရှင်းဟု ဗစ်တိုးရီးယားဆို
By yeaungnaing on ဖျော်ဖြေရေး from news.yatanarpon.com.mm
မိမိတို့၏ မိသားစုသည် လူအများ ထင်မှတ်ထားသည်ထက် ပိုမို၍ သမားရိုးကျဆန်ဆန် ရိုးရှင်းကြောင်း ဗစ်တိုးရီးယားဘက်ဟမ်းက ပြောကြားလိုက်သည်။ Spice Girls အမျိုးသမီး ဂီတအဖွဲ့နှင့်အတူ အောင်မြင်ခဲ့ပြီးနောက် ဖက်ရှင်ဒီဇိုင်နာ၊ မော်ဒယ်လ်နယ်ပယ်ကို ကူးပြောင်းရာတွင် ဗစ်တိုးရီးယား အနေဖြင့် ကြယ်တစ်ပွင့်အဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။ သူမ၏ ခင်ပွန်းသည် ဒေးဗစ်ဘက်ဟမ်းမှာလည်း အင်္ဂလန် ဘောလုံးလောကတွင်ရော၊ ကမ္ဘာ့ဘောလုံးလောကတွင်ပါ လူအများ လေးစားခံရသည့် ကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး ယခုနွေရာသီတွင် ဘောလုံးလောကမှ အနားယူခဲ့သည်။ သား (၃) ဦးနှင့် သမီး (၁) ဦးတို့ပါ ရှိနေသော ဘက်ဟမ်းမိသားစုသည် ဗြိတိန်၏ ရွှေရောင် မိသားစု တစ်ခု အနေဖြင့် ရည်ညွှန်းခံရလေ့ ရှိသည်။