အသက်အရွယ် ရမှ အချစ်ရေး အဆုံး သတ်ခဲ့သည့် ကောင်းဘွိုင် မင်းသားကြီးတို့ ဇနီးမောင်နှံ
By kokopaing on ဖျော်ဖြေရေး from www.myawady.com.mm
The Dirty Harry ဇာတ်ကားဖြင့် ကျော်ကြားသူ အဆိုပါ ကောင်းဘွိုင် မင်းသားကြီး ကလင့်တ်သည် ဇနီးဖြစ်သူနှင့် ကွာရှင်းပြီးနောက် ကာလီဖိုးနီးယား ပြည်နယ် ဆန်တာဘာ ဘရာရှိ ၎င်းတို့၏ နေအိမ်မှ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။
ဒိုင်နာသည် သူမ၏ အထက်တန်း ကျောင်းသူ ဘ၀က ချစ်ကြိုက်ခဲ့သည့် ချစ်သူဟောင်း စကော့တ်ဖစ်ရှာ ဆိုသူနှင့် ပြန်လည် လက်တွဲနေပြီ ဖြစ်ကြောင်း သိရသည်။ကလင့်တ်နှင့် ဒိုင်နာတို့ နှစ်ဦးသည် ၁၉၉၆ ခုနှစ်က လက်ထပ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ နှစ်ဦးတွင် အသက် ၁၆ နှစ်အရွယ်ရှိ မော်ဂန်ဆိုသော သမီးချောလေး တစ်ဦးကို ပိုင်ဆိုင် ထားသည်ဟု သိရသည်။ ဒိုင်နာသည် သမီးဖြစ်သည့် မော်ဂန်နှင့် အတူ ရုပ်သံ အစီအစဉ် တစ်ခုတွင် ပါဝင် ခဲ့ဖူးသူ ဖြစ်သည်။