အီကွေးကြက်ဥကြော်
By cherrythet on စားသောက်ဖွယ် from thiriyatanar.blogspot.com
ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ရေထည့်ပီး ရောနှယ်ထားပါ။
ကြံသကာရည်ကို ညောင်စေး မကျတကျ ကျိုပီး အအေးခံထားပါ။
ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ကြံသကာရည်များကို ရောမွှေပါ။
ခပ်ပျစ်ပျစ် ဖြစ်လာလျှင် .. သံဗူးခွက် အ၀ိုင်းထဲ ဆီ အနည်းငယ် သုတ်ပီး မုန့်နှစ်ကို ထည့်ပါ။
အသီး သံဗူးခွက် အလွတ်တွေထဲ ထည့်လျှင် ရပါသည်။
ရေနွေး ပေါင်းအိုးဖြင့် ၂ နာရီ ~ ၅ နာရီ ပတ်ဝန်းကျင် ဖြင့် ပေါင်းလျှင် မုန့်ကျက်ပါလိမ့်မည်။