အမေရိကန်နှင့် အစ္စရေး ပူးတွဲ လေကြောင်းစစ်ရေး လေ့ကျင့်ခန်း စတင်ပြုလုပ်
By zawminnaing on နိုင်ငံတကာ from www.myawady.com.mm
၎င်းစစ်ရေး လေ့ကျင့်ခန်းသည် နှစ်နိုင်ငံအကြား ပုံမှန်ပြုလုပ် နေသော စစ်ရေး လေ့ကျင့်ခန်း များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း၊ အမေရိကန်နှင့် အစ္စရေး လေတပ်ဖွဲ့တို့ အကြား ပူးပေါင်း ဆောင်ရွက် မှု တိုးမြှင့်ရန် ရည်ရွယ် ပြုလုပ်သည့် စစ်ရေး လေ့ကျင့်ခန်း ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ စလုံးမှ F-15 နှင့် F-16 တိုက်လေယာဉ်များ ပါဝင်လေ့ကျင့် သွားမည် ဖြစ်ကြောင်း သိရသည်။ အမေရိကန်နှင့် အစ္စရေး တပ်ဖွဲ့ဝင်များ အနေဖြင့် ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ နှောင်းပိုင်းကလည်း အလားတူ စစ်ရေး လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ပြီး အမေရိကန် တပ်ဖွဲ့ဝင် ၃၅ဝဝ နှင့် အစ္စရေး တပ်ဖွဲ့ဝင် ၁ဝဝဝ ပါဝင် လေ့ကျင့်ခဲ့ကြောင်း သိရသည်။