ဆော်ဒီဘုရင်၏ ကူညီမှုဖြင့် ပေါင်ချိန် ၁၃၄၄ ပေါင်ရှိသူ၏ ကိုယ်အလေးချိန် လျှော့ချမည်
By nyomyint on နိုင်ငံတကာ from www.first-11.com
ကမ္ဘာပေါ်တွင် ကိုယ်အလေးချိန်အများဆုံး လူသားများအနက် တစ်ဦးဖြစ်လာသည့် ၁၃၄၄ ပေါင်( ၆၁၀ ကီလိုဂရမ်)ရှိ ဆော်ဒီအာရေဗျ နိုင်ငံသား တစ်ဦးကို အလေးချိန်လျှော့ချရန် ဆော်ဒီဘုရင် အဗ္ဗဒူလာ၏ ထောက်ပံ့ပေးမှုဖြင့် သြဂုတ် ၁၉ ရက်က ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ကိုယ်တိုင်လှုပ်ရှား သွားလာနိုင်စွမ်း မရှိသော ခါလစ်မိုစင်ရှာရီ ဆိုသူကို ဆေးကုသမှု ခံယူရန် ၎င်း၏မွေးရပ် ဆော်ဒီအနောက်တောင်ပိုင်း ဂျီဇန်မြို့မှ မြို့တော်ရီယာ့ဒ်သို့ အထူးလေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း နိုင်ငံပိုင် SPA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။