လောကဓံကို ရင်ဆိုင်နိုင်အောင် ပြင်ဆင်နေတဲ့ ဖွေးဖွေး
By jasmineaye on ဖျော်ဖြေရေး from news.yatanarpon.com.mm
လက်ရှိမှာ လက်ပံရုပ်ရှင်ကားကြီးမှာ အနီရဲရဲလေးတွေ ဆင်တဲ့၊ လူတွေကို နာကျည်းနေတဲ့ လက်ပံဆိုတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ခဲ့တဲ့ ဖွေးဖွေးတစ်ယောက် ပရိသတ်တွေရဲ့ အားပေးမှုတွေ ပိုမိုရရှိလို့ နေပါတယ်။ 'အဲ့ဒါ ဖွေးတစ်ယောက်တည်း ကောင်းလို့ မဟုတ်ပါဘူး။ ဖွေးရဲ့ ဆရာကိုဝိုင်း ကောင်းလို့လည်း ပါပါတယ်။ သူသာ ဖွေးကို လက်ပံအဖြစ် ပုံသွင်းတာ လိုနေရင် ဖွေးလဲ လိုအပ်ချက်တွေ များမှာပဲလေ။ ခုက ဖွေးသရုပ်ဆောင်မှုမှာ လိုအပ်ချက်တွေက နည်းသွားတာပေါ့နော်။ အဲဒီကား ရိုက်တုန်းက ဖွေးက လုံးဝ အသစ်တစ်ယောက်လေ။ အဲဒီလို အသစ်တစ်ယောက်ကို ပုံသွင်းနိုင်ခဲ့တာ ကိုဝိုင်း တော်လို့ပါပဲ။ လက်ပံမှာက ဖွေးက ကာရိုက်တာအရ တစ်ကားလုံး အနီတွေပဲ ဝတ်တယ်ပေါ့၊ အခုရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ ကျွန်မက နှင်းဆီပါမောင်မှာလည်း လက်ပံလို အရောင်တစ်ခုတည်းကို သတ်သတ်မှတ်မှတ် ဝတ်ရတာမျိုး မဟုတ်ပေမယ့်လည်း ဖွေးက အဲဒီကားမှာ ပန်းရောင်နဲ့ ခရမ်းရောင်ကို ပိုဝတ်ခဲ့ပါတယ်။ အဲဒီကားကိုလည်း အားရတယ်' လို့ ဖွေးဖွေးက ပြောပြလာခဲ့ပါတယ်။